သခင်ယေရှု ပြုခဲ့သောအမှုကို ကြည့်ပါ
“သခင်ယေရှုကို သားချစ်တယ်။ တစ်နေ့ကျရင် သူ့အတွက် တိုင်းတစ်ပါးမှာ သွားရောက် အစေခံချင်တယ်” ဟု သူ့မိဘ၏မိတ်ဆွေဖြစ်သူ ဦးဦး ဝေါလေ အား
ပြောခဲ့သည့် ထိုသူငယ်လေးသည် ထိုစဉ်က ၈ နှစ်သားမျှသာ ရှိသေးသည်။ ထိုသူငယ်လေးကြီးပြင်းလာသည်ကို ကြည့်ရင်း နောက် ၁၀ နှစ်ကျော်ထိ သူ့အတွက် ဦးဦး ဝေါလေ ဆုတောင်းပေးခဲ့သည်။ သို့နှင့် ထိုလူငယ်လေးသည် ဧဝံဂေလိအဖွဲ့တစ်ခုနှင့် အာဖရိကတိုက်ရှိ မာလီ နိုင်ငံသို့ သွားရန် လျှောက်လွှာတင်ခဲ့စဉ်၊ ဦးဦး ဝေါလေ က “ကဲ ... အခုတော့ အချိန်ကျပြီ။ ဦးလေးက ငါ့တူ ဘာဖြစ်ချင်သလဲ ဆိုတာ သိရကတည်းက ငွေနည်းနည်းစီ စုထားခဲ့ပြီး ဒီစိတ်လှုပ်ရှားစရာသတင်းကို စောင့်မျှော်နေခဲ့တာ” ဟု ပြောကာ အလှူငွေပါဝင်ခဲ့သည်။ ဦးဦး ဝေါလေ သည် သူတစ်ပါးအပေါ် စေတနာစိတ်ရှိပြီး ဘုရားသခင်၏…
ကျေးဇူးတင်လျက် အသက်ရှင်ခြင်း
ဝိညာဉ်ရေးရာအသက်တာ၌ ကြီးထွားရင့်ကျက်ပြီး ပို၍ ကျေးဇူးတော်ချီးမွမ်းတတ်သူ ဖြစ်လိုခြင်းကြောင့် `ကျေးဇူးတင်သော အသက်တာ´ ဟု အမည်ပေးထားသော အိုးလေး တစ်လုံးကို စူး စတင်ထားရှိခဲ့သည်။ ညတိုင်းတွင် ဘုရားသခင်အား ကျေးဇူးတင်စရာ အကြောင်းကို စာရွက်ပိုင်းလေးပေါ်၌ရေးပြီး အိုးလေးထဲ သူထည့်သည်။ အချို့နေ့ရက် များတွင် ချီးမွမ်းစရာအကြောင်းများစွာ ရှိသော်လည်း ခက်ခဲသောနေ့များဆိုလျှင် ချီးမွမ်းစရာ တစ်ခုရဖို့ အနိုင်နိုင်
ရုန်းကန်ရသည်။ နှစ်ကုန်သော် သူက အိုးကို မှောက်ချ လိုက်ပြီး ရေးသားထားချက်လေးများကို ပြန်လှန် ဖတ်ကြည့် မိသည်။ ဘုရားသခင် လုပ်ဆောင်ပေးသည့် အရာတိုင်း အတွက် နောက်တစ်ဖန် ဘုရားရှင်အား ချီးမွမ်းမိသည်။ ပန်းခြံထဲ လမ်းလျှောက်ထွက်ခွင့်ရခဲ့သည့် လှပသော ညနေ ဆည်းဆာချိန် (သို့) အေးမြသော ညနေချမ်းအချိန်၊ ခက်ခဲ သည့် အခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ဘုရားသခင် ကျေးဇူးပြုသည့်အချိန် (သို့)…
ကျွန်ုပ်တို့၏အကွယ်အကာ
သခင်ယေရှုကို ယုံကြည်ခြင်းအကြောင်း ပြောသောအခါ တစ်ခါတစ်ရံ စကားလုံးများကို နားမလည်၊ ရှင်းလင်းပြခြင်း မရှိဘဲ ကျွန်ုပ်တို့ အသုံးပြုကြသည်။ ထိုစကားလုံးများ အနက် ဖြောင့်မတ်ခြင်း (righteous) ဖြစ်သည်။ ဘုရားသခင်သည် ဖြောင့်မတ်ခြင်းတရား (righteousness) နှင့် ပြည့်စုံပြီး လူများကို ကိုယ်တော်ဖြောင့်မတ်ရာ၌ တည်စေသည် (righteous) ဟု ကျွန်ုပ်တို့ ပြောဆိုကြသော်လည်း ၎င်းသည် နားလည်ရန် ခက်ခဲသော အချက်ဖြစ်သည်။
ဖြောင့်မတ်ခြင်းတရား (righteousness) ကို တရုတ်
ဘာသာစကားတွင် ပုံဖော်ထားပုံက နားလည်နိုင်အောင် အထောက်အကူပြုမည်။ ၎င်းမှာ စာလုံးနှစ်လုံးကို ပေါင်းစပ် ထားခြင်းဖြစ်သည်။ အပေါ်စာလုံးမှာ သိုးသူငယ် (Lamb) ဖြစ်ပြီး အောက်စာလုံးမှာ ကျွန်ုပ် (me) ဖြစ်သည်။ သိုးသူငယ် သည် ကျွန်ုပ်တို့ကို ဖုံးအုပ်သည် (သို့) သိုးသူငယ်သည် ကျွန်ုပ်တို့ အထက်မှ ဖြစ်သည်ဟု…
သင်ရော ဘယ်လိုလဲ
မိတ်ဆွေများက မိသားစုနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း အစဉ်အလာအကြောင်းများ ဝေငှနေသည်ကို အမ်မလီတစ်ယောက် နားထောင်နေသည်။ ‘‘ကျွန်မတို့က အခန်းထဲမှာ လှည့်ပတ်သွားကြပြီး ဘာအတွက် ဘုရားသခင်ကို ကျေးဇူးတင်သလဲဆိုတာ ပြောပြကြ တယ်’’ ဟု ဂါရီ က ဆိုသည်။
အခြားမိတ်ဆွေတစ်ဦးကလည်း မိသားစုကျေးဇူးတော်
ချီးမွမ်းခြင်းညစာစားပွဲလုပ်ပြီး ဆုတောင်းကြကြောင်း၊သူ့ဖခင် မကွယ်လွန်မီက ခံစားရသည့်ရောဂါကြောင့် စိတ်ဖောက် သည့်ဝေဒနာခံစားရသော်လည်း ဘုရားသခင်ကို ကျေးဇူးတင် ကြောင်း သူ့ဆုတောင်းချက်က ရှင်းလင်းပီပြင်လှသည်ဟု ဆိုသည်။ ‘‘ကျေးဇူးတော်ချီးမွမ်းခြင်းကာလက ကျွန်တော်တို့ မိသားစုတွေ အတူတစ်ကွ သီချင်းဆိုချီးမွမ်းတဲ့ အထူးအချိန် ဖြစ်တယ်။ အဘွားဆိုရင် သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ် ဆက်ဆိုနေတော့တယ်’’ ဟု ရဲန်ဒီက ဝေငှသည်။ အမ်မလီမှာ သူ့မိသားစုကိုတွေးရင်း ၀မ်းနည်းစိတ်နှင့်အတူ မနာလို စိတ်များတိုးဝင်လာသည်။ ‘‘ကိုယ်တွေကျတော့ ကြက်ဆင်သားစား၊ တီဗွီကြည့်တာပဲ။
ဘုရားအကြောင်းမပြော၊ကျေးဇူးတော်လည်းမချီးမွမ်း’’ဟု သူညည်းတွားမိသည်။
ချက်ခြင်းဆိုသလို သူ့စိတ်ဓာတ်ကို သူဘ၀င်မကျဖြစ်သွားသည်။ ‘‘မင်းက…
အပေါ်ယံ
လူများက သူ့ကိုချစ်ခင်လာအောင် ကာရီ အစွမ်းကုန်ကြိုးစားသည်။ အခြားသူများ သူ့ကို သတိထားမိပြီး ပျော်ပျော်နေတတ်သည့် စိတ်ထားအတွက် သူ့ကို ချီးမွမ်းအောင် ပျော်ပျော်နေသည့်ပုံပေါ်အောင် သူပြုမူသည်။ သို့သော် ပွင့်လင်းမြင်သာသော အခိုက်အတန့်တွင် ကာရီ က "ကျွန်မ သခင်ဘုရားကို ချစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ ကျွန်မရဲ့အသက်တာက အပေါ်ယံပဲ ဖြစ်နေတယ်လို့ ခံစား
ရတယ်" ဟု ၀န်ခံပြောပြသည်။ တစ်ပါးသူများ သူ့ကို အကောင်းမြင်အောင် ကြိုးစားအားထုတ်ရင်း နောက်ကွယ်၌ စိတ်မလုံမလဲ ဖြစ်နေသည်။ "ဒါကို ဆက်ထိန်းပြီး ဒီလို နေသွားဖို့ အားမရှိတော့ဘူး" ဟု သူပြောပြသည်။
စုံလင်ပြည့်ဝသော စိတ်ထားရှိရန် မဖြစ်နိုင်၊ ကျွန်ုပ်တို့လည်း တစ်နည်းနည်းဖြင့် ထိုသို့ခံစားရနိုင်သည်။ သခင်ဘုရားနှင့် တစ်ပါးသူများကို ကျွန်ုပ်တို့ ချစ်သည်။ သို့သော် ခရစ်ယာန်အသက်တာကို ရှင်သန်နေထိုင်ရာတွင် ကျွန်ုပ်တို့၏စိတ်ထားက တစ်ခါတစ်ရံ၌ မိမိကို…
ကျွန်ုပ်တို့လည်း လုပ်ရမည်လား
ဆရာမ ဂျိုးဝီ သည် ကလေးအစီအစဉ်ကို ဆုတောင်းခြင်းဖြင့် အစပြုပြီးနောက် ကလေးများနှင့် အတူတကွ သီချင်းဆိုကြသည်။ ထို့နောက် ဆရာမက ဆရာ အာရုန် နှင့် မိတ်ဆက်ပေးပြီး နောက်တစ်ကြိမ် ဆုတောင်းပြန်သောအခါ ခြောက်နှစ်သားလေး ဧမာနွေလ မှာ သူ့နေရာ၌ လှုပ်ရွခွေလိမ်နေပါပြီ။ ဆရာ အာရုန် က သူစကားမပြောမီနှင့် ပြောပြီးနောက် နှစ်ကြိမ် ဆုတောင်းသည်။ `ဆုတောင်းတာ လေးခါတောင်ရှိပြီ။ အဲဒီလောက်ကြာကြာ ငြိမ်ငြိမ်မထိုင်နိုင်တော့ဘူး´ ဟု ဧမာနွေလ က ညည်းတွားစောဒကတက်သည်။
Emmanuel အတွက် ထိုစိန်ခေါ်မှုမျိုးက ခက်ခဲသည်ဟု သင်ထင်ပါက ၁ သက် ၅း၁၇ ကို ဖတ်ကြည့်ပါ။ `မခြားမလပ် ဆုတောင်း ပတ္ထနာပြုကြလော့´ (သို့) ဆုတောင်းရန် အစဉ်အမြဲ စိတ်နှစ်ထားပါဟု ဆိုထားသည်။ လူကြီးအချို့ပင် ဆုတောင်းခြင်းကို ပျင်းစရာဟု ခံစားတတ်ကြသည်။ ထိုသို့…
ပူဖောင်းဖောက်ခြင်း
အက်တလန်တစ် မြို့ကမ်းခြေတွင် လမ်းလျှောက်နေစဉ် လူငယ်လေးတစ်ဦးဆော့ရင်း မှုတ်လိုက်သည့် ဆပ်ပြာပူဖောင်းများက ကျွန်မခင်ပွန်း ကားလ် နှင့် ကျွန်မတို့အပေါ် လွှမ်းခြုံသွားသည်။ ခက်ခဲစိတ်ဖိစီးသော နေ့ရက်အချိန်တွင် ၎င်းသည် စိတ်ပေါ့ပါး၍ ပျော်ရွှင်စေသော အခိုက်အတန့်ဖြစ်သည်။ ဆေးရုံတက်နေသော ကားလ် ၏ ယောက်ဖကို ကြည့်ရန်၊ ဆေးရုံနှင့်အိမ် လုံးချာလိုက်ပြီး ဆရာဝန်နှင့် ရက်ချိန်းယူရန် ကိစ္စနှင့်ဗျာများနေရသော ကားလ်၏ အစ်မကို အကူအညီပေးရန် ထိုမြို့သို့ ကျွန်မတို့ ရောက်နေခြင်းဖြစ်ပြီး မိသားစုအရေးကြောင့် သောကဖိစီး နေ၍ ခဏအနားယူချိန်တွင် ကမ်းခြေ၌ လမ်းလျှောက်နေ ကြခြင်းဖြစ်သည်။
ထိုအခိုက်အတန့်တွင် ပင်လယ်လေညှင်းနှင့်အတူ လူငယ်လေးက ထူးထူးဆန်းဆန်း ပူဖောင်းများကို ကျွန်မ တို့ထံ မှုတ်လိုက်ခြင်းဖြစ်သည်။ သို့သော် ၎င်းသည် ကျွန်မအတွက် အထူးအဓိပ္ပာယ်ရှိပါသည်။ ပူဖောင်းများ ဖောက်ရသည်ကို ကျွန်မနှစ်သက်ပျော်ရွှင်သဖြင့် ကျွန်မ ရုံးခန်းတွင် ဆပ်ပြာရည်တစ်ပုလင်းကို ဆောင်ထားသည်။ ထိုဆပ်ပြာပူဖောင်းများနှင့်…
ဝင့်ဝင့်ကြွားကြွား လျှောက်လှမ်းခြင်း
၂၀၁၅ နွေရာသီတွင် အသက် ၁၅ နှစ်အရွယ် ဟန်တာသည် အသက် ၈ နှစ် အရွယ် သူ့ညီငယ် ဘရာဒန်အား ကုန်းပိုး၍ သူငယ်နာအကြောဆွဲသူများ၏ လိုအပ်ချက်များကိုအများပြည်သူတို့အား အသိအမြင်ဖွင့်ပေးရန်ရည်ရွယ်၍ ၅၇ မိုင်ခရီးကို လမ်းလျှောက် သွားခဲ့သည်။ ဘရာဒန်မှာ ကိုယ်အလေးချိန် ပေါင် ၆၀ ရှိသဖြင့် ဟန်တာမှာ ဘရာဒန်၏
ကိုယ်အလေးချိန်ကို ခံနိုင်မည့် သိုင်းကြိုးများဝတ်ဆင်ရသည်။ ထို့ပြင် သူ့ကို အကြောဖြေလျော့ပေးရန် ကူညီသူများရှိသည့် နေရာတွင် မကြာခဏရပ်၍ အနားယူခဲ့ရသည်။ သိုင်းကြိုး များကြောင့် ကိုယ်ခန္ဓာကို သက်သောင့်သက်သာ ဖြစ်စေ သော်လည်း သူ့အတွက် အမှန်အထောက်အကူအဖြစ်ဆုံး အရာမှာ လမ်းခရီးတစ်လျှောက်ရှိ လူပရိသတ်များပင် ဖြစ်သည်ဟု ဟန်တာ က ပြောသည်။ “တကယ်လို့ လမ်းမှာ အားပေးမစရင်း ကျွန်တော်တို့နဲ့အတူ လမ်းလျှောက်တဲ့သူ မရှိရင် ဒီကိစ္စကို ကျွန်တော်လုပ်နိုင်မှာ…
အတူယှဉ်လျက်
ပဉ္စမတန်း ကျောင်းဆင်းပွဲ အခမ်းအနားတွင် နှုတ်ခွန်းဆက်လွှာ ဖတ်ကြားရန် Mi’Asya တစ်ယောက် စင်ပေါ်သို့ ရှိုးတိုးရှန့်တန့်နှင့် လျှောက်လာသည်ကို အတန်းဖော် အယောက် ၃၀ နှင့် မိဘများက ကြည့်နေကြသည်။ ကျောင်းအုပ်ကြီးက Mi’Asya အတွက် မိုက် ကို ချိန်ပေးနေချိန်တွင် သူမသည် မိုက် နှင့် ပရိတ်သတ်ကို ကျောခိုင်းပြီး ရပ်နေသည်။ လူအုပ်ကြီးသည် ‘‘သမီးလေး လုပ်နိုင်ပါတယ်၊ အားတင်းထား’’ စသည်ဖြင့် အားပေးစကားများကို တိုးတိုးစစနှင့် လှမ်းပြောနေကြသည်။ သို့သော် သူမသည် တုပ်တုပ်မျှ မလှုပ်ပေ။ ထို့နောက် အတန်းဖော်တစ်ဦးက ရှေ့ထွက်လာပြီး သူ့အနားတွင် ရပ်လိုက်သည်။ Mi’Asya အနီးတွင် ကျောင်းအုပ်ကြီးက တစ်ဘက်၊ သူငယ်ချင်းက တစ်ဘက် မတ်တပ်ရပ်ပြီး သုံးယောက်သား အတူတကွ နှုတ်ခွန်းဆက်လွှာကို ဖတ်ကြားသည်။ အထောက်အပံ့အကြောင်းကို ဖော်ပြသည့် အလွန် လှပသောစံနမူနာပင်ဖြစ်သည်။…
ကျွန်ုပ်နောက်မှ လိုက်ဆိုပါ
ညီလာခံတစ်ခုတွင် ဟောပြောရန် ရီဘက်ခါ စင်ပေါ်၌ ရှိနေပါသည်။ ပထမဆုံး ၀ါကျ တစ်ကြောင်း သူစပြောလိုက်ရာ အခန်းတွင်း ပဲ့တင်ထပ်သွားသည်။ သူပြောသော စကားကို သူပြန်ကြားရ၍ စိတ်မငြိမ်မသက်ဖြစ်မိသည်။ တုန်နေသောအသံကို ပြန်ထိန်းရင်း သူပြောသော စကားလုံးတိုင်း၏ပဲ့တင်သံကို မသိကျိုးကျွန်ပြုနိုင်အောင် ကြိုးစားခဲ့သည်။
ကျွန်ုပ်တို့ပြောသမျှ စကားတိုင်းကို ပြန်ကြားရပါက မည်သို့ ခံစားရမည်ကို တွေးကြည့်ပါ။ ‘‘ငါ မင်းကိုချစ်တယ်’’ ‘‘ငါမှားသွားတယ်ကွာ’’ ‘‘ကျေးဇူးတင်ပါတယ် ဘုရားသခင်’’ ‘‘ငါမင်းအတွက် ဆုတောင်းပေးနေပါတယ်’’ စသော စကားများကို ပြန်ကြားရခြင်းက သိပ်မဆိုးလှပါ။ သို့သော် ကျွန်ုပ်တို့ပြောစကားတိုင်းက ကြင်နာမှုအပြည့်နှင့် နူးညံ့ လှပနေသည်မဟုတ်ပါ။ မည်သူမျှ မကြားလိုသည့် ဒေါသနှင့် ဆိုစကားများ၊ ဂုဏ်သိက္ခာထိပါးစေသော ဝေဖန်ချက်များ ဆိုလျှင် မည်သို့ ရှိမည်နည်း။ ထိုစကားများကို ကျွန်ုပ်တို့ အမှန် ပြန်နုတ်သင့်သည်။
ဆာလံဆရာ ဒါဝိဒ်ကဲ့သို့ ကျွန်ုပ်တို့၏ ဆိုစကားများကို…